
Video Sources 195 Views

what going on?
Synopsis
Geetha Chalo (weekend party)ဒီဟင်ဒီစကားပြော Romance-Comedy ရုပ်ရှင်ဟာ၂၀၁၇ ခုနှစ်မှာ Chamak ဆိုတဲ့ ရုပ်ရှင်နာမည်နဲ့ ထွက်ထားခဲ့တာဖြစ်ပါတယ်….
အခုနှစ် ၂၀၁၉ မှာတော့ မူရင်း ကန္နာဒါ ဘာသာစကားပြောနေရာမှာ ဟင်ဒီစကားပြောပြန်သွင်းပြီးတော့ Geetha Chalo (weekend party) အမည်နဲ့ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်…..
ဇာတ်လမ်းအကျဉ်းကတော့ ဘိုင်ဇက်မြို့ရဲ့ အတော်ဆုံးဆရာ၀န်ဆယ်ယောက်ထဲမှာပါတယ်လို့ ပြောစမှတ်ပြုရတဲ့ OG ဆရာ၀န် ဒေါက်တာခရစ်ရှနားဟာ ပိတ်ရက်တွေဆို ပါတီတက်လိုက် ဘားသွားလိုက်နဲ့ အချိန်ဖြုန်းတတ်တဲ့ငပွေးပါ…..
သူ့အိမ်က သူ့ကို မိန်းမယူစေချင်ပေမယ့် သူဟာ မိန်းမယူရမှာ သိပ်ကြောက်ပါတယ် ‘….
ဒါပေမယ့် တကယ်တန်းမှာတော့ သူဟာ မိန်းမယူရမှာ ကြောက်တာထက် ဘော်ဒါတွေနဲ့ ပါတီတက်ခွင့်ဆုံးရှုံးမှာကို ပိုကြောက်တာပါ …အရွယ်ရောက်နေပြီဖြစ်တဲ့ သူ့ကိုအားလုံးက အိမ်ထောင်ပြုဖို့ တိုက်တွန်းပါတယ်…ဒီလိုနဲ့ အိမ်ထောင်ပြုဖို့မဖြစ်မနေလုပ်ရတော့မယ်အခြေအနေရောက်လာတယ်…
.သူ ဘယ္လို ကောင်မလေးမျိုးနဲ့ အိမ်ထောင်ကျမလဲ….အိမ်ထောင်ဖက်အမျိုးသမီးကရောသူ့အကျင့်စရိုက်တွေနဲ့ ကိုက်ပါ့မလား…..သူမျှော်လင့်ထားသလိုရော အဆင်ပြေပါ့မလား….
.ဆက်လက်ခံစားကြည့်လိုက်ပါဦး….ဇာတ္ကားဟာ ၂ နာရီနီးပါး ကြာပေမယ့် လုံး၀ပျင်းစရာမကောင်းပဲ ပေါ့ပေါ့ပါးပါးနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ဒီကားလေးကို ဒါရိုက္တာ ဆူနီက ရိုက္ကူးထားတာပါGanesh နဲ့Rashmika Mandannaတို့ အဓိကပါ၀င်ထားတဲ့
ဒီကားလေးဟာ ခ်စ္စရာ Romance-comedy ကားလေးမို့ fan တွေ အတွက် တင်ပေးလိုက်ပါတယ်.
IMDb Rating 6.9 10 votes