Lifestyle

ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး ဟိုဆေးမူဟိကာရဲ့ အတုယူဖွယ်ရာဘဝနေနည်း

Written by admin

ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး ဟိုဆေးမူဟိကာရဲ့ အတုယူဖွယ်ရာဘဝနေနည်း

သမ္မတတော်တော်များများကတော့ သမ္မတဘဝကနေ အနားယူလိုက်တာနဲ့ မချမ်းသာဘူးဆိုရင်တောင် မဆင်းရဲကြပါဘူး။ အားလုံးသိတဲ့အတိုင်း သမ္မတတစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်ချိန် ရရှိတဲ့ လစာရယ်၊ အစိုးရက ထောက်ပံ့တဲ့ ပင်စင်လစာရယ်ဆိုတာ နိုင်ငံတစ်ခုမှာတော့ လုံလုံလောက်လောက် ရှိလေ့ရှိပါတယ်။

ဟိုဆေးမူဟိကာအကြောင်း သင်လည်း တီးမိခေါက်မိရှိမယ်ထင်ပါတယ်။ ကမ္ဘာ့အဆင်းရဲဆုံး သမ္မတကြီးလို့လည်း တော်တော်များများက တင်စားကြပါတယ်။ သူ့နာမည်စာလုံးပေါင်းအတိုင်းဆိုရင်တော့ ဟိုဆေးမူဂျီကာ (José Mujica) လို့် ထွက်ကြမှာပါ။ ဒါပေမယ့် စပိန်၊ ဥရုဂွေး၊ ပေါ်တူဂီတွေကတော့ ဟိုဆေးမူဟိကာလို့ ထွက်ကြပါတယ်။

သူဟာ အခုဆို အသက် (၈၅)နှစ်တောင် ရှိပါပြီ။ (၂၀၁၀)ခုနှစ်ကနေ (၂၀၁၅)ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့ပြီး၊ သမ္မတရာထူးကနေ အနားယူတော့ ငယ်ငယ်က လုပ်ခဲ့တဲ့ တောင်သူအလုပ်နဲ့ အေးအေးဆေးဆေး အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ သူဟာ သမ္မတဘဝမှာကတည်းက ရတဲ့လစာရဲ့ (၉၀)%ကို ဆင်းရဲသားတွေအတွက် လှူပါတယ်။

ငွေပမာဏအားဖြင့် ဒေါ်လာ (၁၂၀၀၀)ကို လစဉ်လှူတာပါ။ သူ သမ္မတရာထူးက နားတော့ သူ့မှာ ဘာမှ မရှိတော့ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာ့အဆင်းရဲဆုံးသမ္မတလို့ သတင်းတွေက တင်စားကြပါတယ်။ (၂၀၁၀)ခုနှစ်က သူရဲ့ပိုင်ဆိုင်မှုတွေကို ကြေညာတဲ့အခါမှာ သူပိုင်ငွေကြေးဟာ ထိုစဉ်က ဒေါ်လာ (၁၈၀၀)သာ ရှိပါတယ်။

သူရဲ့စီးတော်ကားကလည်း အလန်းစားမဟုတ်ပါဘူး။ 1987 Volkswagen Beetle ကားလေးဖြစ်ပါတယ်။ (၂၀၁၂)ခုနှစ်မှာတော့ ဇနီးသည်ရဲ့ စီးပွားရေးနဲ့ပိုင်ဆိုင်မှုတွေ ပေါင်းစပ်လိုက်တဲ့အခါ လယ်မြေတွေ၊ လယ်ထွန်စက်တွေအပြင်၊ အိမ်တစ်လုံးပါဝင်လာခဲ့ပြီး၊ စုစုပေါင်းတန်ဖိုးအားဖြင့် ဒေါ်လာ (၂၁၅၀၀၀)ဝန်းကျင် ရှိခဲ့ပါတယ်။

ဇနီးဖြစ်သူ Lucía Topolansky နဲ့ ဟိုဆေးတို့ဟာ (၂၀၀၅)ခုနှစ်က အသက်ကြီးမှ လက်ထပ်ခဲ့ကြတဲ့ စုံတွဲဖြစ်ပါတယ်။ ဒီတော့ ကလေးလည်း မထွန်းကားခဲ့ပါဘူး။ ဇနီးကတော့ သူ့ထက် (၉)နှစ်ငယ်ပြီး၊ အလွန်ရိုးသားတဲ့ စကားကိုတောင် လေးလုံးကွဲအောင်မပြောတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ နှစ်ယောက်သား အေးချမ်းစွာနဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။

သမ္မတကြီးရဲ့ ဘဝနေနည်းဆုံးမစကားတွေကတော့ ” ကိုယ့်ရှိတာနဲ့ တင်းတိမ်ရောင့်ရဲပါ”၊ “ပိုင်ဆိုင်မှုဆိုတာ တန်ဖိုးရှိပါတယ် … ဘာလို့လဲဆိုတော့ ဒါတွေက မင်းရဲ့ဘဝဆီက အချိန်တွေကို ယူသွားလို့ပါ “၊ ” ကိုယ်တကယ်လိုအပ်တာကိုပဲ ဝယ်ပါ … ကိုယ်တကယ် ထိုက်သင့်တာကိုပဲ ပိုင်ဆိုင်အောင်လုပ်ပါ”၊ ” ငါတို့တစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် မျှဝေဖို့ သင်ယူရမယ်”၊

” တခြားသူတွေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ အကျပ်မကိုင်ပါနဲ့ “၊ ” ချောင်ပိတ်ပြီးရိုက်တာကို အောင်ပွဲလို့မသတ်မှတ်နဲ့”၊ “တခြားလူတွေနဲ့ တူညီတဲ့အချက်ကို ကြည့်ပါ … မတူညီတဲ့အချက်တွေကို မနှိုင်းယှဉ်ပါနဲ့”၊ “လူတိုင်းကို ခွင့်လွှတ်ဖို့မလိုပေမယ့်၊ ခွင့်လွှတ်တဲ့စိတ်နဲ့ သင် အသက်ရှင်ဖို့လိုပါတယ်”တို့ ဖြစ်ပါတယ်။

လင်းဇော်ကို

Ref ; Internet / calltheone

Zawgyi

ကမာၻ႕အဆင္းရဲဆုံးသမၼတႀကီး ဟုိေဆးမူဟိကာရဲ႕ အတုယူဖြယ္ရာဘဝေနနည္း

သမၼတေတာ္ေတာ္မ်ားမ်ားကေတာ့ သမၼတဘဝကေန အနားယူလိုက္တာနဲ႔ မခ်မ္းသာဘူးဆုိရင္ေတာင္ မဆင္းရဲၾကပါဘူး။ အားလုံးသိတဲ့အတုိင္း သမၼတတစ္ေယာက္ရဲ႕ တာဝန္ထမ္းေဆာင္ခ်ိန္ ရရွိတဲ့ လစာရယ္၊ အစုိးရက ေထာက္ပံ့တဲ့ ပင္စင္လစာရယ္ဆုိတာ ႏုိင္ငံတစ္ခုမွာေတာ့ လုံလုံေလာက္ေလာက္ ရွိေလ့ရွိပါတယ္။

ဟုိေဆးမူဟိကာအေၾကာင္း သင္လည္း တီးမိေခါက္မိရွိမယ္ထင္ပါတယ္။ ကမာၻ႕အဆင္းရဲဆုံး သမၼတႀကီးလုိ႔လည္း ေတာ္ေတာ္မ်ားမ်ားက တင္စားၾကပါတယ္။ သူ႕နာမည္စာလုံးေပါင္းအတုိင္းဆုိရင္ေတာ့ ဟုိေဆးမူဂ်ီကာ (José Mujica) လုိ္႔ ထြက္ၾကမွာပါ။ ဒါေပမယ့္ စပိန္၊ ဥ႐ုေဂြး၊ ေပၚတူဂီေတြကေတာ့ ဟုိေဆးမူဟိကာလုိ႔ ထြက္ၾကပါတယ္။

သူဟာ အခုဆုိ အသက္ (၈၅)ႏွစ္ေတာင္ ရွိပါၿပီ။ (၂၀၁၀)ခုႏွစ္ကေန (၂၀၁၅)ခုႏွစ္အထိ သမၼတတာဝန္ ထမ္းေဆာင္ခဲ့ၿပီး၊ သမၼတရာထူးကေန အနားယူေတာ့ ငယ္ငယ္က လုပ္ခဲ့တဲ့ ေတာင္သူအလုပ္နဲ႔ ေအးေအးေဆးေဆး အသက္ေမြးဝမ္းေၾကာင္း ျပဳပါတယ္။ သူဟာ သမၼတဘဝမွာကတည္းက ရတဲ့လစာရဲ႕ (၉၀)%ကို ဆင္းရဲသားေတြအတြက္ လွဴပါတယ္။

ေငြပမာဏအားျဖင့္ ေဒၚလာ (၁၂၀၀၀)ကို လစဥ္လွဴတာပါ။ သူ သမၼတရာထူးက နားေတာ့ သူ႕မွာ ဘာမွ မရွိေတာ့ပါဘူး။ ဒါေၾကာင့္လည္း ကမာၻ႕အဆင္းရဲဆုံးသမၼတလုိ႔ သတင္းေတြက တင္စားၾကပါတယ္။ (၂၀၁၀)ခုႏွစ္က သူရဲ႕ပုိင္ဆုိင္မႈေတြကို ေၾကညာတဲ့အခါမွာ သူပိုင္ေငြေၾကးဟာ ထုိစဥ္က ေဒၚလာ (၁၈၀၀)သာ ရွိပါတယ္။

သူရဲ႕စီးေတာ္ကားကလည္း အလန္းစားမဟုတ္ပါဘူး။ 1987 Volkswagen Beetle ကားေလးျဖစ္ပါတယ္။ (၂၀၁၂)ခုႏွစ္မွာေတာ့ ဇနီးသည္ရဲ႕ စီးပြားေရးနဲ႔ပိုင္ဆုိင္မႈေတြ ေပါင္းစပ္လုိက္တဲ့အခါ လယ္ေျမေတြ၊ လယ္ထြန္စက္ေတြအျပင္၊ အိမ္တစ္လုံးပါဝင္လာခဲ့ၿပီး၊ စုစုေပါင္းတန္ဖုိးအားျဖင့္ ေဒၚလာ (၂၁၅၀၀၀)ဝန္းက်င္ ရွိခဲ့ပါတယ္။

ဇနီးျဖစ္သူ Lucía Topolansky နဲ႔ ဟုိေဆးတုိ႔ဟာ (၂၀၀၅)ခုႏွစ္က အသက္ႀကီးမွ လက္ထပ္ခဲ့ၾကတဲ့ စုံတြဲျဖစ္ပါတယ္။ ဒီေတာ့ ကေလးလည္း မထြန္းကားခဲ့ပါဘူး။ ဇနီးကေတာ့ သူ႕ထက္ (၉)ႏွစ္ငယ္ၿပီး၊ အလြန္႐ုိးသားတဲ့ စကားကုိေတာင္ ေလးလုံးကြဲေအာင္မေျပာတတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ။ ႏွစ္ေယာက္သား ေအးခ်မ္းစြာနဲ႔ ဘဝကို ျဖတ္သန္းေနပါတယ္။

သမၼတႀကီးရဲ႕ ဘဝေနနည္းဆုံးမစကားေတြကေတာ့ ” ကိုယ့္ရွိတာနဲ႔ တင္းတိမ္ေရာင့္ရဲပါ”၊ “ပိုင္ဆုိင္မႈဆုိတာ တန္ဖုိးရွိပါတယ္ … ဘာလုိ႔လဲဆုိေတာ့ ဒါေတြက မင္းရဲ႕ဘဝဆီက အခ်ိန္ေတြကုိ ယူသြားလုိ႔ပါ “၊ ” ကိုယ္တကယ္လုိအပ္တာကုိပဲ ဝယ္ပါ … ကိုယ္တကယ္ ထုိက္သင့္တာကိုပဲ ပိုင္ဆုိင္ေအာင္လုပ္ပါ”၊ ” ငါတုိ႔တစ္ေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ မွ်ေဝဖုိ႔ သင္ယူရမယ္”၊

” တျခားသူေတြကို ဘယ္လုိအေၾကာင္းျပခ်က္နဲ႔မွ အက်ပ္မကုိင္ပါနဲ႔ “၊ ” ေခ်ာင္ပိတ္ၿပီး႐ုိက္တာကို ေအာင္ပြဲလုိ႔မသတ္မွတ္နဲ႔”၊ “တျခားလူေတြနဲ႔ တူညီတဲ့အခ်က္ကို ၾကည့္ပါ … မတူညီတဲ့အခ်က္ေတြကို မႏႈိင္းယွဥ္ပါနဲ႔”၊ “လူတုိင္းကို ခြင့္လႊတ္ဖုိ႔မလုိေပမယ့္၊ ခြင့္လႊတ္တဲ့စိတ္နဲ႔ သင္ အသက္ရွင္ဖုိ႔လုိပါတယ္”တုိ႔ ျဖစ္ပါတယ္။

လင္းေဇာ္ကုိ

Ref ; Internet / calltheone

About the author

admin

4 Comments

Leave a Comment